့ ကိုယ်ပိုင် browser ပြုလုပ်နည်းလေးကို shareအဖြစ်တင်ပေးပါ့ မယ်ဗျာ။
OK တယ်ဆိုရင် စမယ်နော်။ ဘာမှ မခက်ပါဘူး။
အရင်ဆုံး ဒီနေရာ လေးကိုနှိပ်ပြီး browser ပြုလုပ်ဖို့ website လေးကို သွားလိုက်ပါ။ ပြီးသွားရင် Start Now ဆိုတာကို နှိပ်လိုက်ပါ။ နောက်တစ်မျက်နှာကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီထဲမှာ စာကြောင်းနှစ်ကြောင်းတွေ့ရပါလိမ့်မယ်။ ပထမဦးဆုံးစာကြောင်းမှာ ကိုယ့် browserရဲ့ နာမည်ကိုရေးလိုက်ပါ။ နောက်ထပ်အောက်က တစ်ကြောင်းမှာကတော့ ကိုယ့် browser ရဲ့ ပုံလေးကို Browse ကနေပြီးရွေးပေးလိုက်ပါ။
ပြီးသွားရင် Select Theme ဆိုတာကို ထပ်နှိပ်လိုက်ပါ။ ပြီးရင် themes တွေကိုရွေးခိုင်းပါလိမ့်မယ်။ အဲ့ဒီထဲက ကိုယ်ကြိုက်တဲ့ themes ပုံလေးကို ရွေးပေးလိုက်ပါ။အဲ့ဒါတွေအကုန်ပြီးသွားရင် ညာ ဘက်အောက် ဆုံးနားမှာရှိတဲ့ I agree to the term of use ဆိုတာကို အမှန်ခြစ်ပေးပြီးရင် Finish and download ဆိုတဲ့ button လေးကိုနှိပ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင် browser လေးနဲ့ ကိုယ့်ကွန်ပျူတာမှ လန်းနိုင်ပါပြီဗျာ။
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ *-*-*--*-*-*-*-&-*-&*
ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ။
ပြည့်ဇော်ဖြိုး(ပြန်လည်မျှဝေခြင်း) နှင့် လမင်းလေး(ကဗျာများစုစည်းမှူ) တို့ တွင်လည်းဝင်ရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
သူငယ်ချင်းများကိုခင်တဲ့ ဖြိုးလေး
www.pyaezawphyo.blogspot.com
==========================

No comments:
Post a Comment
Note: Only a member of this blog may post a comment.